ဆရာတော်အရှင်မဟောသဓပဏ္ဍိတ တည်ထောင်တော်မူသော ကျောင်းတိုက်များ
- (က) ရန်ကုန်ဝေဇယန္တာ (လူငယ်ဖွံ့ဖြိုးရေးကျောင်း) >> မှတ်ချက်။ ဓာတ်ပုံမရရှိသေးပါ။
- (ခ) မုံရွာ ဝေဇယန္တာ (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) >>မှတ်ချက်။ ဓာတ်ပုံမရရှိသေးပါ။
- (ဂ) သီတဂူဝေဇယန္တာကျောင်း (ပြင်ဦးလွင်)
- (ဃ) သီတဂူဝေဇယန္တာကျောင်းတိုက် လောကမဏ္ဍိုင် စေတီတော် တည်ထားကိုးကွယ်မှု မှတ်တမ်းများ (ပြင်ဦးလွင်မြို့)
- (င) သီတဂူဝေဇယန္တာကျောင်း အစ (ပြင်ဦးလွင်မြို့)
- (စ) ချောင်းသာ ဝေဇယန္တာကျောင်း (မှတ်ချက်။ ဓာတ်ပုံမရရှိသေးပါ)
ကောသလ အိပ်မက်တို့ ပျက်ပြယ်ချိန်မှာ (ကံထွန်းသစ်)
ကောသလ အိပ်မက်တို့ ပျက်ပြယ်ချိန်မှာ ……
ဖုန်းမြည်လာ၍ နာရီကို တချက်ကြည့် လိုက်တော့ ည (၁၁) နာရီထိုးလုလု၊ သည်အချိန်မှာ ဆက်လေ့ရှိသူသည် သူဟု သိလိုက်၏။ သူ တာဝန်ပြီးချိန်နှင့် ကိုယ့်အားလပ်ခါ ချိန်၍ ဖုန်းဆက်လေ့ရှိသူ မဟုတ်လား။ မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ညောင်ရမ်းပါဠိတက္ကသိုလ်ရိပ်မှာ အတူခိုလှုံကြစဉ်က (၁) သုံးလုံး ဇောတိက ရယ် လို့ စာသင်သား လောကမှာ နာမည်ကြီးခဲ့သည့် ညီတော် North Carolina ရောက် “အရှင်ဇောတိကာ ဘိဝံသ“
“ဟလို အရှင်လေး”
“ဘုန်းကြီး … တပည့်တော်တို့ သိန်းသန်းကျောင်းဆရာတော် ဘန်ကောက်မှာ ဆေးရုံလာတက်တယ် တဲ့ .. အဲဒါ …”။
ဘုရားဘုရား ဆရာတော် ဘာများ ဖြစ်ပါလိမ့်၊ သည်ကို မထွက်ခွါခင် သွားရောက်ကန်တော့ခဲ့တာကို အမှတ်ရ သည်။ တရားမှတ်နေစဉ် တိတ်တဆိတ် ဓာတ်ပုံပင် ရိုက်ခဲ့သေး။
“ ဘာ … ဘာ ဖြစ်တာတဲ့လဲ”
“ အသည်းလား၊ သည်းခြေလား .. သေချာ မသိသေးဘူး၊ ပြုစုဖို့ လိုက်လာတဲ့ ကိုယ်တော်နဲ့ပဲ စကားပြောရ သေးတယ်၊ အဲဒါ လှမ်းအကြောင်းကြားတာ။,, ဖုန်းချသွားတော့ မဆိုင်းပင် သူပေးသွားသော နံပါတ်များဖြင့် ဘန်ကောက်ကို ဖုန်းခေါ်လိုက်သည်၊ ဆရာတော် ခုလေးတင် ကျိန်းစက်သွားလို့ နောက်မှ ပြန်ခေါ်ပါဟု တဖက်က တုန့်ပြန်လာမှ အော် .. ဟုတ်ပါရဲ့ ဒီက ညဟာ သူတို့ဆီက နေ့ပါလား၊ ဆွမ်းစားပြီး နားနေချိန်ပါလား ဟု အမှတ်ရလိုက်သည်။ ဘာမှ မဖြစ်ပါစေနဲ့။ ဆရာတော်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် သာသနာကိုချစ်တဲ့ ဂုဏ်၊ လောကကို စောင့်ရှောက်တဲ့ ဂုဏ်တော်တွေကြောင့် အမြန်ဆုံး ရောဂါမှ ထမြောက်ပါစေ၊ ထမြောက်ပါစေ …။ ကိုယ့်စိတ်တွေသည် ကိုယ်တို့တတွေ ပညာရင်နို့ သောက်စို့ခဲ့ရာ မန္တလေးမြို့က မိုးကောင်းတိုက်ဆီ ပြေးသွား တော့သည်။ ညောင်ရမ်းပါဠိတက္ကသိုလ် တဲ့။ ဆဋ္ဌသံဂါယနာတင် အမှူးထေရ် ညောင်းရမ်းဆရာတော်ကြီးမှသည် ဒုတိယ ညောင်ရမ်း ဆရာတော် ဦးလက္ခဏ၊ တတိယဒေးဝန်းဆရာတော်တို့မှ အစ …. ဘဒ္ဒန္တပဏ္ဍိစ္စာဘိဝံသ ဆရာတော် တိုင် ကိုယ်တို့၏ အာစရိယ ပါစရိယများ။ ကိုယ်သာမဏေဘ၀နှင့် ရောက်တော့ ဆရာတော်က “ညောင်ရမ်းမင်းသား“ ဟု တည်ရာဌာနနှင့် ဥပဓိသမ္ပတ္တိ ကိုစွဲကာ အမည်တွင်နှင့်ပြီ။
ကဆုန်လပြည့် ဗုဒ္ဓနေ့သဘင်တွင် ပူဇော် သီကျူးရန် သံဆန်း ကဗျာကဆုန်လပြည့် ဗုဒ္ဓနေ့သဘင်တွင် ပူဇော် သီကျူးရန် သံဆန်း ကဗျာ ၁။ ဗုဒ္ဓဂုဏ်ရည် စုံအညီ ဗုဒ္ဓယုံကိုး ဂုဏ်အကျိုး ခွင့်ထူးကြုံပေ များဝေနေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ၂။ ဓမ္မဂုဏ်ရည် စုံအညီ၊ ဓမ္မယုံကိုး ဂုဏ်အကျိုး ခွင့်ထူးကြုံပေ များဝေနေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ပြုံးခွင့်ပြုပါ လူကြီးမင်း (ကံထွန်းသစ်)ပြုံးခွင့်ပြုပါ လူကြီးမင်း (ကံထွန်းသစ်)
မင်္ဂလာပါ မနက်ဖြန် (ကံထွန်းသစ်)မင်္ဂလာပါ မနက်ဖြန် (ကံထွန်းသစ်) "နေမင်းကြီး ဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး တို့ထံက ဘာတွေယူသွားပါလိမ့်" "ဪ... နေမင်းဟာ တို့ရဲ့ ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား" ဘုရားလောင်း နေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ "မနက်ဖြန် မွေးနေ့ရောက်ပြီနော် စာလေး ဘာလေး ရေးဦးလေ" ဟုအစ်မ တစ်ယောက်၏ တိုက်တွန်းသံ အဆုံးမှာပင်။ ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာကစပြီး ရေတွက်လျှင် အလို.. နှစ်တစ်ဝက်စာမျှပင် ရှိနေပါပေါ့လား။ အံ့သြ သွားမိသည်၊ သည်ကာလတွေကို အမှတ်မဲ့ ကုန်လွန်စေခဲ့တာများလား၊ ပြန်ဆင်ချင်မိသည်၊ ပုံရိပ်တို့သည် အရောရော အထွေးထွေး၊ "ဘယ်တော့မှ မအိပ်သောမြို့" ဆိုသည့် နယူးယောက်ကို ရောက်နေခဲ့သည်။ ဟားဘတ်တက္ကသိုလ်ကြီး ရှိရာ မက်ဆာချူးဆက်ကို ရောက်သည်၊ ရွှေတိဂုံ စေတီပွားရှိရာ နယူးဂျာစီ ကိုရောက်သည်၊ ပြီးတော့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးနှင့် စစ်ပြေငြိမ်းမှု လက်မှတ်ထိုးရာ ဖီးလ်ဒယ်ဖီးယားမြို့ကို ရောက်သည်၊ ယခုမူ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကြီးရှိရာ မေရီလင်း ပြည်နယ်မှာ...။
ဝေဇယန္တာကျောင်းတိုက် သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုအောင်လက်မှတ်နှင့် ဆုချီးမြှင့်ပွဲ မှတ်တမ်းဓာတ်ပုံများ
|
















